အင်တာနက်ကိုဘယ်လိုဆက်သွယ်ခြင်းနှင့်ဘာလိုမြင်သွားခြင်းလုံးကိုဆုံးဖြတ်ချက်များများဖြင့်ပြောင်းလဲခြင်း။ | Kurzgesagt

🎁Amazon Prime 📖Kindle Unlimited 🎧Audible Plus 🎵Amazon Music Unlimited 🌿iHerb 💰Binance

ဗီဒီယို

စာသားပုံ

အင်တာနက်ကိုဘယ်သူများဖန်တီးခဲ့လဲလို့ တွေးမိပါသလား

အချို့တွေကတော့ အင်တာနက်ကျေးဇူးကြောင့် ကုဋေကြွယ်သူဌေးတွေဖြစ်ကုန်ကြပြီ

ဒါပေမယ့်သူတို့အားလုံးက အင်တာနက်ကိုကောင်းကောင်း အသုံးချတတ်သွားကြလို့ပဲလေ

ဒါဆို အင်တာနက်ကို ထွင်ခဲ့တဲ့သူဆိုရင် ဘီလျီနာထက်တောင် ပိုချမ်းသာဦးမှာပေါ့

လုံးဝ ဘုရားသခင် လို ဖြစ်သွားမှာပဲ ။ မဟုတ်ဘူးလား

ဒါဆို ဘယ်သူက နာမည်ကောင်းရသင့်တာလဲ

ဆွစ်ဇာလန် မြေအောက် ဓာတ်ခွဲခန်းထဲက ဗြိတိသျှ ပညာရှင်ကြီးတစ်ယောက်လား

ဟုတ်ရင်လည်း ဟုတ်မှာပေါ့လေ

ရုရှားတွေကနူးကလီးယားနဲ့ ခြိမ်းခြောက် ခံနေရတဲ့အမေရိကန်က လူတော်တွေလား

ကောင်းလိုက်တဲ့စိတ်ကူး.

သူတို့ကွန်ပျူတာ နက်ဝက်ကို “လီအင်တာနက်"ဆိုပြီးနာမည် ပေးဖို့ဆုံးဖြတ်ခဲ့တဲ့ ပြင်သစ်သိပ္ပံပညာရှင်တွေလား

စိတ်ဝင်စားစရာပဲ

ဒါမှမဟုတ်လည်း တစ်ခုခုဖြစ်လာဖို့ ကြိုးစားခဲ့ကြတဲ့ များစွာသော သိပ္ပံပညာရှင်တွေကို ပဲကျေးဇူးတင်သင့်တာလား

သူတို့က အသုံးဝင်မယ်ဆိုတာတော့ မြင်ခဲ့တယ်။ ဒါပေမယ့် ဒီလောက်ထိ ကြီးမားလာမယ်ဆိုတာတော့ မသိခဲ့ကြဘူး

ကောင်းပြီလေ။ ကွေ့ဝိုက်ပြီးပြောမနေတော့ဘူး

ကွန်ပျူတာ ကွန်ယက်နက်ဝက်တွေအားလုံး တစ်ခုနဲ့တစ်ခု ချိတ်ဆက်ပြီး လုပ်ဆောင်နေတဲ့ အင်တာနက်ဆိုတာ ရှိတယ်

နောက်ပြီး တော့ World Wide Web လို့ခေါ်တဲ့ ကွန်ပျူတာ တစ်ခုနဲ့တစ်ခု အချက်အလက်တွေမျှဝေရာမှာ

လွယ်ကူအောင်လုပ်ထားတဲ့နည်းလမ်း လည်း ရှိတယ်

ကျွန်တော်တို့ ယခု သိနေတဲ့ အင်တာနက်ဖြစ်လာဖို့ နှစ်ပေါင်း၄၀ လောက်ကြာခဲ့တယ်

လူသိများပြီး မှားယွင်းနေတဲ့အချက်တစ်ခုကတော့ နူးကလီးယားစစ်ပွဲ ဖြစ်ရင် ဆက်သွယ်မှုမပြတ်တောက်ဖို့အတွက်

အင်တာနက်ကို အမေရိကန်ပြည်ထောင်စု က ဖန်တီးခဲ့တယ်ဆိုတာပါပဲ

၁၉၆၀ ခုနှစ် ARPANET လို့ခေါ်တဲ့ ပထမဆုံး ကွန်ယက်ကို တည်ထောင်ခဲ့တဲ့ သူတစ်ယောက်ရဲ့ အဆိုအရဆိုရင်

ပထမဆုံး ကွန်ယက် ချိတ်ဆက်စမ်းသပ်မှုက ဆက်သွယ်ဖို့အတွက် မဟုတ်ခဲ့ဘူး

အဲဒါက ပရိုဆက်ဆာတွေ အကောင်းဆုံးအသုံးပြုဖို့နဲ့ အချိန်တွေ ဝေမျှ ဖို့ပဲ

ဆိုလိုတာက သိပ္ပံပညာရှင်တွေ စူပါကွန်ပျူတာတွေကို လည်းမျှသုံးနိုင်မယ် ထင်ခဲ့တာ

ဒါကြောင့်ပဲ ၁၉၆၀ လောက်ထိ ကွန်ယက်ချိတ်ဆက်မှုဆိုတာမရှိပဲ

ပင်မဖရိမ်လို့ခေါ်ပြီးအခန်းထဲအထိုင်ချထားတဲ့

တစ်ကြိမ်မှာတော့ တွက်ချက်မှုတွေ များစွာလုပ် နိုင်တဲ့ စက်အကြီးကြီးတွေပဲရှိခဲ့တာ

အချိန်ခွဲဝေမှုနဲ့ အတူ ဒီဧရာမစက်ကြီးတွေဟာ တစ်ကြိမ်ကို တွက်ချက်မှုများစွာလုပ်နိုင်ခဲ့ကြတယ်

သိပ္ပံပညာရှင်တွေက တစ်ပြိုင်နက်တည်း ဒီစက်တွေရဲ့ပါဝါကို သုံးနိုင်ကြတယ်

သိသိသာသာကိုပဲ.. ကွန်ပျူတာတွေအားလုံး ချိတ်ဆက်လိုက်တာနဲ့

မင်းဘာလုပ်ဖို့လိုမလဲဆိုတာကို စပြီးဆန်းစစ်မိလိမ့်မယ်

သူတို့ကြားမှာရှိတဲ့ ချိတ်ဆက် မှုကို ပိုလွယ်ကူအောင်ပေါ့လေ

တစ်ကမ္ဘာလုံးကသိပွံပညာရှင်တွေက ဒီပြဿနာကိုဖြေရှင်းဖို့ကြိုးစားခဲ့ကြတယ်

ဒါဆို အခြားတစ်နေရာမှာ ပေါ်ပေါက်လာတဲ့ အဓိက အယူအဆ တစ်ချို့ကို ကြည့်ကြည့်ရအောင်

packet switching နဲ့စတာပေါ့

ဗြိတန်မှာ အမျိုးသားရူပဗေဒစမ်းသပ်ခန်းကနေ ပြုလုပ်ထားတဲ့ အခပေး ကွန်ယက်တစ်ခုရှိတယ်။

ဒါပေမယ့် ထောက်ပံ့ကြေးမရတဲ့အတွက်

တစ်ခါမှ အောင်မြင်အောင်ဆက်မလုပ်နိင်ခဲ့ဘူး

ဒါပေမယ့် သူတို့ Packet switching ဆိုတဲ့ ဒေတာတွေကို သေးသေးလေးတွေထုပ်တဲ့ စိတ်ကူးတစ်ခုရခဲ့တယ်

အလုပ်များတဲ့ ကွန်ယက်တွေမှာ ဒေတာတွေ စုပြုံပိတ်ဆို့တာမျိုးရှောင်ကြဉ်ဖို့

တစ်ဖက်မှ ဒေတာတွေကို တစ်စစီစိတ်ဖြာပြီး အခြားတစ်ဖက်မှ ပြန်ပြောင်းစည်းတဲ့နည်းကိုတွေ့ခဲ့တယ်

ပြင်သစ်ကလည်း တစ်နေရာမှာပါဝင်ခဲ့တယ်

သူတို့ဟာ CYCLADES လို့ခေါ်တဲ့သိပ္ပံ ကွန်ရက်တစ်ခုကို လုပ်နေကြတယ်

ဒါပေမယ့်သူတို့မှာ ရန်ပုံငွေများများစားစားမရှိတာကြောင့် ကွန်ပျူတာအချင်းချင်းတိုက်ရိုက်ချိတ်ဆက်လုပ်ဖို့ဆုံးဖြတ်ခဲ့တယ်

ဂိတ်ဝေး ကွန်ပျူတာ တွေမှာလုပ်တာနဲ့ ဆန့်ကျင်ဘက်ပေါ့

ဒါလည်းအရမ်း တော့ သိပ္ပံနည်းကျမဟုတ်လှဘူး

သီအိုရီတစ်ခုအရဆိုရင် ဒီရှာဖွေစူးစမ်းမှုရဲ့ရလဒ်ကနေ အင်တာနက်ဆိုတဲ့စကားလုံးဖြစ်လာတယ်။

ဒါပေမယ့် ခင်ဗျားမယုံချင်လည်း မယုံလို့ရပါတယ်။

အခု ၁၉၇၀ ရောက်ပြီ

အခုအချိန်မှာ ကွန်ပျူတာ အခြေခံစက်တွေတော့ အများကြီးရှိနေပြီ

ဒါပေမယ့် အဆက်အသွယ်ကတော့ ကောင်းကောင်းမဖြစ်သေးဘူး ။မတူတဲ့ ကွန်ရက်တွေအချင်းချင်းစကားပြောလို့မရဘူးလေ

TCP/IP ကဒီပြဿနာကိုရှင်းခဲ့တယ်

TCP/IP ကနေ အင်တာနက်အတွက် အခြေခံကျတဲ့ ဆက်သွယ်တဲ့ဘာသာစကားတစ်ခုကိုဖန်တီးခဲ့တယ်

သူက ဒေတာအစု လေးတွေကို အမည်တပ်ပေးတယ်

မတူတဲ့ လမ်းကြောင်းတွေမှာ တူညီတဲ့ဒေတာအစိတ်အပိုင်းတွေ သွားနေရင်တောင်မှပေါ့

စုရပ်နေရာရောက်ရင် ဒေတာအားလုံး ပြန်ပေါင်းထုပ် ပြီး ပုံပြန်ဖော်နိုင်တယ်

၁၉၇၅ ရောက်မှ ကွန်ရက်တွေအချင်းချင်းဆက်သွယ်မှုစတင်ခဲ့တယ်

ဒါမှ တကယ့်အင်တာနက်အစ လို့ခင်ဗျားငြင်းနိုင်တယ်

အီးမေးလ် ကလည်း တကယ့်အရမ်းကိုအရေးပါခဲ့တယ်

သူ့ကို ARPANET က ၁၉၇၂မှာ စတင်ဖန်တီးခဲ့တယ်

၁၉၇၂ မှာ အင်တာနက် အသွားအလာတော်တော်မျာများက အီးမေးလ်အတွက်ကြည့်ပဲ

.

ကွန်ရက်ရှိလာပြီဆိုတော့ တစ်ဦးနဲ့တစ်ဦးစကားပြောရာမှာ ပိုပြီးလွယ်ကူလာတယ်

ဒါပေမယ့် ဒီ ဆက်သွယ်မှုအားလုံးက စာနဲ့ကြည့်ပဲ။ အရမ်းလည်းရုပ်ဆိုးတယ်

၁၉၈၀ မှာ Timothy Berners-Lee လို့ခေါ်တဲ့လူတစ်ယောက် က

CERN၊ နူးကလီးယားစမ်းသမှုဆိုင်ရာ ဥရောပ အဖွဲ့အစည်း မှာ အချိိန်ကုန်ခဲ့တယ်

အဲဒီမှာ ရူပဗေဒပညာရှင်တွေက စကြာဝဌါ ကြီးကဘယ်လိုတည်ဆောက်ထားလဲသိအောင်ကြိုးပမ်းနေကြတယ်

သူက သိပ္ပံပညာရပ်ဆိုင် ရာအချက်အလက်တွေကို စီမံပြီး ပညာရှင်တွေအတွက်

သူတို့အလုပ်တွေ မျှဝေပြီးလွယ်လွယ်ကူကူ ချိတ်ဆက်လုပ်ဆောင်နိုင်တာ ကိုလိုချင်ခဲ့တယ်

ပိုပြီး တိုးတက်မှုရရှိအောင်ပေါ့

HTTP, HTML, နဲ့ URLsတွေကို သုံးပြီး ကြားခံစနစ်တစ်ခုကိုဖန်တီးခဲ့တယ်

ဒါက အင်တာနက်ဘရောက်ဇာတွေ ဖန်တီးဖို့ ဖြစ်လာတဲ့အကြောင်းအရင်းပါ

သူ့ရဲ့ ဘရောက်ဇာကို World Wide Web လို့ခေါ်ခဲ့တယ်

ဒါကြောင့် သူက အင်တာနက်ကိုတီထွင်ခဲ့တာတော့မဟုတ်ဘူး။ Web ကို တော့ တီထွင်ခဲ့တယ်

သူပထမဆုံးတီထွင်ခဲ့တဲ့ ပထမဆုံး ဝက်ဘ် က ပြင်သစ်နိုင်ငံ CERN မှာ ဖြစ်ပါတယ် ။သြဂုတ်လ ၁၉၉၁ မှာပေါ့

ဒါကြောင့် အဦးဆုံးအခြေခံလိုအပ်ချက်တွေကိုနေရာချပြီးတာနဲ့

သော့ချက် နည်းပညာတွေကို တီထွင်လိုက်သလိုပဲ

အင်တာနက် သတင်းပို့ခြင်းက ၁၉၈၀ မှာ အရမ်းပေါက်မြောက်ခဲ့တယ်

ဖုန်းကုမ္ပဏီတွေက ဒီဂျစ်တယ် ဆက်သွယ်မှု ရဲ့ စီးပွားဖြစ်နိုင်မှုကို မြင်ခဲ့ကြတယ်

၁၉၉၀ အစောပိုင်းမှာ ဝက် ဘရောက်ဇာတွေက တောမီးလိုပဲပြန့်နှံ့ခဲ့တယ်

သာမာန်လူတွေက အီးမေးလ်ကို စတွေ့ရှိခဲ့တယ်

အင်တာနက် ရဲ့ကျယ်ပြန့်မှုကလည်း လျင်လျင်မြန်မြန်နဲ့ ပုံမှန်ပဲ တိုးပွားလာတယ်

၁၉၉၅ လောက်မှာတော့ အမြောက်အများကိုဖြစ်နေပြီ

နေပါဦး … အမေရိကန်သမ္မတAl Gore က အင်တာနက်ကိုတီထွင်ခဲ့တာ မဟုတ်ဘူးလား

အမ်း… မဟုတ်..

သူပြောခဲ့တာကို သေသေချာချာဖတ်ကြည့်မယ်ဆိုရင် သူလုပ်ခဲ့ပါတယ်လို့ဘယ်တုန်းကမှ အခိုင်အမာ မပြောခဲ့တာကို သိရပါလိမ့်မယ်

ဒါပေမယ့် လူတော်တော်များများကတော့ သူက အင်တာနက်ပြန့်နှံ့ဖို့ ဥပဒေထွက်ရှိအောင်

အင်တိုက်အားတိုက် တွန်းအားပေးခဲ့သူဆိုပြီး အမှတ်ပေးကြတယ်

အင်တာနက် ပေါ်လာရတာက ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်ဖို့လိုလို့ပါ

တော်တော်များများက လည်း နှစ်သက်ကြတယ်

ဒါကြောင့်လဲ လူတွေက ကမ္ဘာပေါ်မှ စိုးမိုးနိုင်တဲ့မျိုးစိတ်ဖြစ်လာတာပေါ့

အင်တာနက်က သဘာဝအတိုင်း ဆင့်ကဲပြောင်းလဲလာမှုတစ်ခုလို့ခင်ဗျား ငြင်းရင်ငြင်းလိမ့်မယ်

ပြီးတော့ လိုအပ်ချက်ကြောင့် ပေါ်ထွက်လာတာမျိုးပေါ့

အင်တာနက်ကို တစ်ဦးတစ်ယောက်တည်းကထွင်ခဲ့တာတော့မဟုတ်ပါဘူး

ဒါပေမယ့် အရမ်းတော်တဲ့ သိပ္ပံပညာရှင်တွေက နေရာပေါင်းစုံက တည်ဆောက်ဆဲ အပိုင်းအစတွေကို ဆက်လိုက် တဲ့အခါကျတော့

အင်တာနက်က တကယ့် ဆက်သွယ်ရေး ကိရိယာတစ်ခုဖြစ်လာတော့တယ်

လက်လီရောင်းတဲ့နေရာ၊ ရှာဖွေရေးကိရိယာ၊ ဝါဒဖြန့် ကိရိယာ၊ ထောက်လှန်းရေးကိရိယာ

စျေးဝယ်ကိရိယာ၊ ချိန်းတွေ့ရန်နေရာ၊ ဖျော်ဖြေရေးကိရိယာ

ဒါမှဟုတ် အလုပ်လုပ်ချင်ယောင် စာလုပ်ချင်ယောင်ဆောင်ပြီး လစ်ပြေးဖို့လည်းသုံးလို့ရတာပေါ့

အခုခင်ဗျားအဲဒီလိုလစ်ပြီးကြည့်နေတာလည်းဖြစ်ရင်ဖြစ်လိမ့်မယ်

နောက်ဆုံးမှာတော့ ဒီမှာသာ ကွန်မန့်လေးချန်ခဲ့လို့ရှိရင် ခင်ဗျားလည်းပဲ ဆက်သွယ်ဖို့ကြိုးစားနေသူတစ်ဦးဖြစ်မှာပါပဲ

ဒါကပဲခင်ဗျားကို ပိုကောင်းတဲ့လူသားဖြစ်စေမှာလေ ဘာသာပြန် − အာသာချမ်း fb.com/mobiology68 (2.10.2016)

Subtitles by the Amara.org community

As an Amazon Associate I earn from qualifying purchases 🛒
ဖြင့် တည်ဆောက်ထားသည်။ (ノ◕ヮ◕)ノ🪄💞💖🥰 across the gl🌍🌏🌎be