ဗီဒီယို
စာသားပုံ
မျိုးရိုးဗီဇ ပြုပြင်တဲ့နည်းပညာကိုသုံးပြီး
လူသားတွေရဲ့အသက်ကိုအန္တရာယ်ပေးနေတဲ့ မိစ္ဆာကောင်ကြီးကို တားဆီး မယ်ဆိုရင်…..
ကမ္ဘာပေါ်မှာ အသေအပျောက်အများဆုံးဖြစ်စေသူ
သန်းထောင်နဲ့ချီတဲ့သေဆုံးမှုတွေအတွက်တာဝန်အရှိဆုံး.
“ခြင်”
အခြားရောဂါတွေအပါအဝင်
ငှက်ဖျားရောဂါကိုဖြစ်စေတယ်.
ကမ္ဘာပေါ်မှာအရက်စက်ဆုံး ကပ်ပါးကောင်တွေထဲကတစ်မျိုး
သမိုင်းမှာ အကြီးမားဆုံးသော လူသတ်သမားလည်းဖြစ်နိုင်တယ်
၂၀၁၅ တစ်နှစ်တည်းမှာတင် သန်းပေါင်းရာနဲ့ချီပြီးကူးစက်ခံ ခဲ့ရတယ်
သန်းတစ်ဝက်လောက်အသက်ဆုံးရှုံးခဲ့ရတယ်
အခု နည်းပညာအသစ်ကတော့ ငှက်ဖျားကို အမြစ်ဖြုတ်နိုင်တဲ့အဆင့်ကို ရောက်ရှိနေပါပြီ
ဒါပေမယ့်အဲဒီလိုလုပ်ဖို့ဆို
ကျွန်တော်တို့က တိရစ္ဆာန်မျိုးစိတ်တစ်ခုလုံး ကိုပြုပြင်ပစ်မှရမှာ
ဒါက မှန်းဆရခက်တဲ့ပြဿနာလိုဖြစ်နေတယ်
ဗီဇပြုပြင်ထားပြီးသားခြင်တွေက တော့ ဓာတ်ခွဲခန်းထဲမှာရှိနေပြီ
ဒီနည်းပညာကိုသုံးသင့်သလား
ငှက်ဖျားကကော ဒါကိုစွန့်စားလုပ်ရလောက်အောင် ဆိုးရဲ့လား
ဘာသာပြန် − Nyein Chan Ko Ko(fb.com/mobiology68)
ငှက်ဖျားကို သေးငယ်တဲ့အကောင်ငယ်လေးတွေကဖြစ်စေပါတယ်
ပလက်စမိုးဒီးယမ်းလို့ခေါ်တယ်. တော်တော်ဆိုးတဲ့ကောင်တွေပေါ့
သူတို့မှာ ဆဲလ်တစ်လုံးတည်းပါတယ်
သူတို့က ခြင်ပေါ်မှာ လုံးဝမှီခိုနေတဲ့ ကပ်ပါးကောင်တွေပါ
ငှက်ဖျားကအမြဲပဲ ခြင်ကိုက်ခံရတာက နေစဖြစ်တယ်
ခြင်ရဲ့ တံတွေးဂလင်းထဲမှာ ခင်ဗျားရဲ့အရေပြားထဲဝင်ရောက်ဖို့စောင့်နေတဲ့
စပိုရိုဇွိုက်တွေ ထောင်ပေါင်းများစွာပါတယ်
ခင်ဗျားခန္ဓာကိုယ်ထဲရောက်တာနဲ့ပဲ
သူတို့တွေက အသည်းဆီကိုသွားတယ်
အဲဒီမှာ ရှိတဲ့ ဆဲလ်အကြီးကြီးတွေဆီဝင်ရောက်ပြီး
ကိုယ်ခံအားစနစ်ကနေ ရှာမတွေ့အောင်ပုန်းအောင်းနေတယ်
တစ်လကျော်ကြာတဲ့အထိ သူတို့က ကိုယ်ရောင်ဖျောက်နေနိုင်တယ်
အဲဒီမှာရှိတဲ့ဆဲလ်တွေကို စားသုံးပစ်ပြီး
နောက်ထပ် ပုံစံအသစ်ကို ပြောင်းလဲလိုက်တယ်
မီရိုဇွိုက်လို့ခေါ်တဲ့အစက်လေးတွေနဲ့တူတဲ့ပုံစံပေါ့
သူတို့တွေက ထောင်ပေါင်းများစွာ ဖြစ်အောင်ဆက်ပြီး ပွားများပစ်ကြတယ်
နောက်မှာတော့ ဆဲလ် ထဲကနေ ဖောက်ထွက်ကြတယ်
ဒါနဲ့ပဲ ထောင်ပေါင်းများစွာသော ကပ်ပါးတွေက သွေးကြောထဲရောက်ကုန်ပြီ
နောက်တစ်နေရာဖြစ်တဲ့ သွေးနီဥတွေကို
သွား တိုက် ဖို့အတွက်ပေါ့
သူတို့တွေက သတိမထားမိအောင်နေတယ်
သူတို့သတ်လိုက်တဲ့ ဆဲလ်ရဲ့ အလွှာထဲမှာ
ပုန်းနေကြတယ်
မြင်ယောင်ကြည့်ပါ: တစ်ယောက်ယောက်ကိုအတွင်းထဲက သတ်လိုက်တယ်
ပြီးတော့ သူတို့အရေပြားအောက်မှာ ပုံဖျက်ပြီးအယောင်ဆောင် ပုန်းနေသေးတယ်
တော်တော်ရက်စက်တဲ့ကောင်တွေ
နောက်တော့ သွေးနီဥဆဲလ်တွေကို ရက်ရက်စက်စက် လိုက်တိုက်တော့တယ်
ဆဲလ်တွေပေါက်ထွက်ကုန်တဲ့အထိ အထဲမှာ ပွားကြတယ်
နောက်တော့ နောက်ထပ် သွေးနီဥတွေလိုက်ရှာတယ်
ပြီးတော့ ဒီသံသရာ က ထပ်ခါထပ်ခါ ဖြစ်နေတော့တယ်
ဆဲလ်သေ အပိုင်းအစတွေက အဆိပ်ရှိတဲ့ စွန့်ပစ်ပစ္စည်းတွေ ကိုဖြစ်ပေါ်စေတယ်
ဒါကနေ အားကောင်းတဲ့ ကိုယ်ခံအားစနစ်တစ်ခုပေါ်လာစေတယ်
တုပ်ကွေးနဲ့တူတဲ့လက္ခဏာတွေ ဒီမှာစပေါ်လာတယ်
လက္ခဏာတွေကတော့ အဖျားကြီးတာ
ချွေးထွက်ပြီး ချမ်းတုန်တာ
တက်မယ်၊ခေါင်းကိုက်မယ် ပြီးတော့တစ်ခါတစ်လေ ဝမ်းလျှောတာနဲ့ အန်တာတွေ ဖြစ်တယ်
ငှက်ဖျားပိုးက Blood brain barrier ကိုဖြတ်ပြီး ဦးနှောက်ထဲရောက်ရင်တော့
၎င်းက ကိုမာဝင်တာ၊ နဲ့ အာရုံကြောထိခိုက်တာတွေ သေတာတွေအထိ ဖြစ်နိုင်တယ်
ကပ်ပါးကောင်တွေဟာ ခုတော့ လွတ်မြောက်ဖို့အဆင်သင့်ဖြစ်နေပါပြီ
အခြားသောခြင်တစ်ကောင်က ရောဂါဖြစ်နေတဲ့လူကို ကိုက်လိုက်တဲ့အခါမှာတော့
ကပ်ပါးကောင်တွေ စီးနင်းစရာတစ်ခုရသွားပြီ
ဒီသံသရာ က အစကပြန်စတော့တယ်
၂၀၁၅ မှာ ဇီကာဗိုင်းရပ်စ်က
ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကို ကိုက်တဲ့အခါ မှာ ဆိုးရွားလှတဲ့ မွေးရာပါ အင်္ဂါချို့ယွင်းမှုတွေဖြစ်စေနိုင်တယ်
ကမ္ဘာတစ်ဝှမ်းမှာ အလျင်အမြန်ပဲ ပြန့်နှံ့နေတယ်
သူ့ကိုလည်းခြင်က သယ်ဆောင်တာပဲ
ခြင်တွေက လူသားတွေအတွက် ရောဂါပိုးတွေသယ်ဆောင်ဖို့ အကောင်းဆုံး အကောင်တွေပါ
သူတိုရှိနေတာ နှစ်သန်းပေါင်း ၂၀၀ လောက်တောင်ရှိပြီ
သူတို့တွေ က သန်းထောင်ပေါင်းများစွာရှိတယ်
အကောင်တစ်ကောင်တည်းက တစ်ခါဥရင် ၃၀၀လောက် ထိ ဥ ဥ နိုင်တယ်
သူတို့ကတကယ် မျိုးဖြုတ်ပစ်ဖို့မဖြစ်နိုင်ဘူး
ကပ်ပါးတွေအတွက် အကောင်းဆုံးတက္ကစီဖြစ်နေတာပေါ့
ဒါပေမယ့် ယနေ့မှာတော့ ကျွန်တော်တို့မှာ ယခင်နဲ့မတူတဲ့နည်းပညာ ရှိနေပါပြီ
ခြင်တွေရောဂါတွေနဲ့တိုက်နေတဲ့စစ်ပွဲတွေကို နိုင်အောင် လုပ်ပေးနိုင်တယ်
CRISPR
လူ့သမိုင်းမှာ ပထမဆုံးအနေနဲ့
ကျွန်တော်တို့ဆီမှာ ကိရိယာတွေရှိနေပါပြီ
မျိုးစိတ်တစ်ခုလုံးကို အမြန်ဆုံး ပြောင်းလဲပစ်နိုင်တယ်
သူတို့ရဲ့မျိုးရိုးဗီဇ အချက်အလက်တွေကို စိတ်ကြိုက် ပြင်လို့ရတယ်
ဒါကြောင့် အင်းဆက်အဖွဲ့လေးတစ်ခုကို ရွေးတိုက်နေမယ့်အစား
ရောဂါကူးစက်တဲ့ပုံစံကို မပြောင်းလဲပစ်တာလဲ
မျိုးရိုးဗီဇ ပြုပြင်တဲ့နည်းပညာကိုသုံးပြီးတော့
သိပ္ပံပညာရှင်တွေက ငှက်ဖျားကပ်ပါးကို ခံနိုင်ရည်ရှိတဲ့
ခြင်မျိုးစိတ်တစ်ခုကို
ဖန်တီးပြီ:သွားပြီ
plasmodium ကို ဦးတည်ထားတဲ့
အန်တီဘော်ဒီ ဗီဇ တစ်ခုကို ထပ်ပေါင်းပေးလိုက်ရင်
ဒီခြင်တွေက ဘယ်တော့မှ ငှက်ဖျားကို မဖြန့်ဖြူးနိုင်တော့ဘူး
ဒါပေမယ့် မျိုးရိုးဗီဇ အချက်အလက်တွေကိုပြောင်းလဲပစ်တာတစ်ခုတည်းက
မလုံလောက်သေးပါဘူး
ဒီပြုပြင်ထားမှုက နောက်မျိုးဆက်ခြင်တွေကို အမွေဆက်ခံ စေရဦးမယ်
မျိုးဆက်တစ်ဝက်လောက်
ဗီဇ အများစုက Genome ထဲမှာ ဗားရှင်းနှစ်မျိုးရှိနေကြတယ်
.
ဒါကြောင့် မျိုးဆက်နှစ်ဆက်ကြာပြီးတဲ့အခါမှာတော့
အများဆုံး မျိုးဆက်တွေရဲ့တစ်ဝက်လောက်ကပဲ
ပြုပြင်ထားတဲ့ ဗီဇကို သယ်ဆောင်ပေးနိုင်တယ်
သန်းထောင်ပေါင်းများစွာရှိတဲ့ ခြင်ထုကြီးထဲမှာ
မတူညီတာဖြစ်ဖို့ တော်တော်ခက်ပါလိမ့်မယ်
Gene drive လို့ခေါ်တဲ့ ဗီဇပြုပြင်ခြင်းနည်းပညာတစ်ခုက ဒီပြဿနာကိုဖြေရှင်း ပေးပါလိမ့်မည်
နောက်လာမယ့်မျိုးဆက်တွေမှာ ပြုပြင်ထားတဲ့ ဗီဇကို ပဲ လွှမ်းမိုးနေစေဖို့ တွန်းအားပေးလို့ရပါတယ်
ဗီဇအဟောင်းကို လုံးဝ ကျော်လွှားပစ်တာပေါ့
ဒီအကွက်လေးကို ကျေးဇူးတင်ရမယ်
၉၉.၅% ရှိတဲ့ ပြုပြင်ထားတဲ့ခြင်တွေရဲ့မျိုးဆက်တွေဟာ
ငှက်ဖျားပီး ဗီဇကို သယ်ဆောင်လိမ့်မယ်
ကျွန်တော်တို့ဟာပြုပြင်ထားတဲ့ခြင်ပမာဏ လုံလုံလောက်လောက်ကို
ပုံမှန်ခြင်တွေနဲ့မိတ်လိုက်ဖို့ တောနက်ထဲလွှတ်လိုက်မယ်ဆိုရင်
ငှက်ဖျားပီး ဗီဇက မြန်မြန်ဆန်ဆန်ပဲ ပျံ့နှံ့သွားပါလိမ့်မယ်
ဒီဗီဇအသစ်က
ခြင်ထု ကြီးထဲမှာ ထာဝရပြောင်းလဲမှုကြီးတစ်ရပ်ဖြစ်သွားမှာဖြစ်တဲ့အတွက်
plasmodium ကတော့ ဘုံပျောက်သွားပါလိမ့်မယ်
သိပ္ပံပညာရှင်တွေက ဒီပြောင်းလဲမှုက အရမ်းမြန်မှာဖြစ်တဲ့အတွက် ဒါနဲ့မြန်မြန်ဆန် ဆန် အသားကျအောင် လိုက်နေဖို့က မလုပ်နိုင်သေးဘူး
ငှက်ဖျားကတော့ လုံးဝပျောက်ကွယ်သွားလိမ့်မယ်
နှစ်စဉ် သန်းဝက်လောက်ရှိတဲ့ကလေးငယ်တွေ သေနေတာကို ထည့်သွင်းစဉ်းစားမယ်ဆိုရင်
အခုဗီဒီယိုစနေစဉ်မှာပဲ ၅ ယောက်သေဆုံးသွားပါပြီ
အချို့သိပ္ပံပညာရှင်တွေကတော့ ကျွန်တော်တို့ ဒီနည်းပညာကို နောက်မှသုံးမယ့်အစား မြန်မြန်ဆန်ဆန် အသုံးချသင့်တယ်လို့ဆိုပါတယ်
ခြင်တွေကတော့ အကျိုးရှိကောင်းရှိပါလိမ့်မယ်
သူတို့က ဒီ ကပ်ပါးသယ်ပေးလို့ ဘာမှ အကျိုးရခဲ့တာလည်းမဟုတ်ဘူးလေ
ဒါက ပထမဆုံးခြေလှမ်းဖြစ်ပါလိမ့်မယ်
ငှက်ဖျားက အစခြေလှမ်းဖြစ်ပါလိမ့်မယ်
မတူညီတဲ့ခြင်မျိုးစိတ်တွေက သွေးလွန်တုပ်တွေးတို့ ဇီက တို့လို ရော ဂါတွေသယ်သေးတယ်
မှတ်ကောင်တွေကသယ်တဲ့ Lyme ရောဂါ
ယင်ကောင်တွေကဖြစ်တဲ့ အိပ်စက်ဖျားနာရောဂါ ( Sleeping disease)
လှေးကနေဖြစ်တဲ့ ပလိပ်ရောဂါ
ကျွန်တော်တို့အသက်ပေါင်းများစွာကိုကယ်တင်နိင်ပါတယ်
မယုံနိုင်လောက်တဲ့ပမာဏအထိ ခံစားရတာတွေကို ကာကွယ်နိုင်ပါတယ်
ဒါနဲ့များဘာကြောင့် ခုထိ မစသေးတာလဲ
တစ်ခုကတော့၊ CRISPR ပြင်ဆင်ခြင်း ဟာ ၄နှစ်သက်တမ်းပဲရှိသေးတယ်
ဒါကြောင့် ကျွန်တော်တို့က မြန်မြန်ဆန်ဆန် လွယ်လွယ်ကူကူတော့မလုပ်နိုင်သေးဘူး
အခြားပူပင်စရာတွေလည်းရှိသေးတယ်
လူတွေက ဘယ်တုန်းကမှ ရည်ရွယ်ချက်ရှိရှိနဲ့
လွတ်လွတ်လပ်လပ်ရှင်သန်နေတဲ့ သက်ရှိကို ဒီပမာဏအထိ ဗီဇပြုပြင်လိုက်မှာမျိုးမရှိသေးဘူးလေ
ကျွန်တော်တို့စလိုက်တာနဲ့ ပြန်လမ်းမရှိတော့ဘူး
ဒါကြောင့် မှန်မှန်ကန်ကန်လုပ်ဖို့လိုတယ်
မလိုလားအပ်တဲ့ နောက်ဆက်တွဲတွေလည်းရှိနေနိုင်သေးတယ်
ကျွန်တော်တို့ သဘာဝကို ပြုပြင်ဖို့ကြိုးစားရင်ပေါ့
ဒီ ငှက်ဖျားအတွက်စဉ်းစားရင်တော့
စွန့်စားမှုက လက်ခံဖွယ်ရာရှိပါတယ်
ဗီဇပြောင်းလဲလိုက်တာ ဗီဇတစ်ခုလုံးကိုမဟုတ်ဘဲ
အစိတ်အပိုင်းလေးတစ်ခုကိုပဲပြင်တာဆိုရင်ပေါ့
အဆိုးဆုံးမျှော်လင့်လို့ရတာကတော့
ဒီဟာက အလုပ်မဖြစ်ဘဲ
ဒါမှမဟုတ် ကပ်ပါးက ပိုဆိုးတဲ့နည်းလမ်းကို ရှာတွေ့သွားမှာကိုပဲ
ဒါက ခုထိ ငြင်းခုန်နေကြတုန်းပါ
Gene drive လို စွမ်းအားကြီးတဲ့ နည်းပညာဟာ
အလွန်တရာ ဂရုစိုက်ပြီးကိုင်တွယ်သင့်တယ်
ဒါပေမယ့် ကျနော်တို့ကိုယ့်ဘာသာ မေးခွန်းထုတ်စရာလည်းရှိနေပါသေးတယ်
ဒီနည်းပညာကိုမသုံးတာကကော ကျင့်ဝတ်နဲ့မညီတာဟုတ်ရဲ့လား
တစ်ရက်ကိုကလေးတစ်ထောင်လောက်သေနေတဲ့အချိန်မှာလေ
လာမယ့်နှစ်များအတွင်းမှာတော့ လူတွေက ဘယ်လို ဆက်လုပ်မလဲဆိုတာ ဆုံးဖြတ်ရမှာပါ
ဒီကိစ္စမှာတော့ လူတွေရဲ့ဆွေးနွေးမှုတွေက နောက်မှာရှိနေပါပြီ
ခင်ဗျားကောဘယ်လိုထင်လဲ
ဘာသာပြန်− ငြိမ်းချမ်းကိုကို (fb.com/mobiology68) 2.10.2016
If you want to help us make more videos like this
and get nice rewards in return
you can do so here.
We really appreciate it.
If you want to learn more about the topic of genetic engineering,
we have another video about CRISPR and GMO’s.
And in case that’s too much biology for you,
here’s a space playlist.
Subtitles by the Amara.org community