ဗီဒီယို
စာသားပုံ
ကျွန်ုပ်တို့နေထိုင်တဲ့ ကမ္ဘာကြီးက အမှတ်တမဲ့ ကြည့်လိုက်ရင် ထူးခြားတယ်လို့ မထင်ရပါဘူး။
ဘဝဆိုတာဒါပဲ … လူသားဆိုတာဒါပဲ … လို့ခံစားရပါတယ်။
အမှန်က အဲ့လိုမဟုတ်ရပါဘူး။
ဒီကနေ့ခေတ်ကြီးလူသားနေထိုင်မူဟာ စနစ်တကျရှိပါတယ်။ လိုချင်တာကို တီထွင်ဖန်တီးနိုင်စွမ်းရှိကြပါတယ်။ ဒါဟာသမိုင်းမှာ ပထမဆုံးဖြစ်ပါတယ်။
လူသားတစ်ယောက် အသက်ရှင်ရပ်တည်ဖို့ လိုအပ်တဲ့….
အစားအစာ၊ နေရာထိုင်ခင်၊ အသက်အာမခံချက်၊ အစရှိတာတွေကို လွယ်လင့်တကူရရှိကြပါတယ်။
သို့သော် လူသမိုင်းရဲ့ ၉၉ % သောအခိုက်အတန့်က အခုလိုမျိုးမဟုတ်ပါဘူး။
ပြီးတော့ လူ့သမိုင်းဆိုတာ တစ်ခုတည်း တစ်သားတည်းရှိနေတာမဟုတ်ပါဘူး။
ကျွန်ုပ်တို့ လူသားမျိုးနွယ်စုရဲ့ သမိုင်းကြောင်းက လွန်ခဲ့တဲ့ နှစ် (၆)သန်းက စတင်ခဲ့ပါတယ်။ Hominini ဆိုတဲ့ မျောက်မျိုးနွယ်စုထဲက စတင်ကွဲထွက်လာပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း (၂.၈) သန်းခန့်လောက်ကျတော့ homo မျိုးစိတ်ဖြစ်တဲ့ လူသားတွေ စတင် ဖြစ်ထွန်းလာပါတယ်။
ကျွန်ုပ်တို့ကိုယ့်ကို တစ်ခုတည်းသော လူသားမျိုးစိတ်လို့ ထင်တတ်ကျပါတယ်။ အမှန်တော့ မဟုတ်ပါဘူး။
Homo sapiens ဆိုတဲ့ကျွန်ုပ်တို့လူသားမျိုးနွယ်စုတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂)သိန်းခန့်က စတင်ဖြစ်ထွန်းလာပါတယ်။ အဲ့ကတည်းက ကျွန်ုပ်တို့နဲ့ အလားသဏ္လာန်းတူတဲ့ လူသားမျိုးနွယ်စု အနည်းဆုံး ၆စုခန့် ရှိနေခဲ့ပါတယ်။
မျိုးစိတ်ကွဲပေမယ့် အတွေးအခေါ်၊ ဉာဏ်ရည်၊ လုပ်ဆောင်နိုင်စွမ်းချင်း တူညီကြပါတယ်။ တွေးကြည့်ရင် ဂြိုလ်သားတွေနဲ့ နေရသလို ထိတ်လန့်စရာကြီး ဖြစ်နေမှာပါ။
တစ်ချို့မျိုးစိတ်တွေဟာ သက်တန်းရှည်ကြပါတယ်။
Homo erectus ဆိုတဲ့ လူသားမျိုးစိတ်ဆိုရင် နှစ်ပေါင်း (၂)သန်း လောက်ရှင်သန်ခဲ့ကြပါတယ်။
ကျွန်ုပ်တို့ လူသားမျိုးစိတ်ထက် နှစ်ပေါင်း (၁၀)ဆကျော် ရှင်သန်ခဲ့ပါတယ်။
ကျွန်ပ်တို့မျိုးစုကလွဲလို့ ကျန်တဲ့လူသားမျိုးစုတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၁)သောင်းကတည်းက တိမ်ကောသွားကြပါတယ်။
ဘာကြောင့် တိမ်ကောသွားသလဲဆိုတာတော့ မသိရသေးပါဘူး။
ယနေ့ခေတ်လူသားတွေရဲ့ သွေးထဲ့မှာ Neanderthal နဲ့ အခြားလူသားမျိုးစိတ်တွေရဲ့ DNA တွေရောယှက်လို့နေပါတယ်။
သို့သော် လူသားမျိုးနွယ်စု အသစ်တစ်ခု ထပ်ဖြစ်လာရတဲ့အထိတော့မဟုတ်ပါဘူး။
ဒါကြောင့်မို့ ကျွန်ုပ်တို့ရဲ့မိတ်ဖက် လူသားမျိုးနွယ်စုတွေဟာ ပစ္စည်းဥစ္စာတွေ အတွက်တိုက်ခိုက်ရင်းနဲ့ တိမ်ကောသွားသလား? (သို့) လူမျိုးတုန်း သတ်ဖြတ်မူကြောင့်လားဆိုတာတော့ မသိရပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ မျိုးစိတ်ပဲ ကျန်ရစ်နေခဲ့ပါတယ်။
ကဲ ..ကျွန်ုပ်တို့ မျိုးစိတ်ရဲ့ ကနဦးအစကို သွားကြည့်ကြရအောင်။
လွန်ခဲ့တဲ့ နှစ်ပေါင်း (၂.၈)သန်းကစပြီး ပစ္စည်းကရိယာတွေကို အသုံးပြုခဲ့ကြပါတယ်။ သို့သော် လွန်ခဲ့တဲ့နှစ်ပေါင်း ( ၂ ) သန်းလောက်အထိ ကြီးမားတဲ့ ပြောင်းလဲမူတွေမရှိခဲ့ပါဘူး။
အဲကျမှ မီးကို ရှာဖွေတွေရှိကြပါတယ်။
မီးရှိတော့ ချက်ပြုတ်တတ်လာတယ်။ ချက်ပြုတ်စားတော့ အာဟာရရှိတယ်။ အာဟာရရှိတော့ ဦးနှောက်ဖွံ့ဖြိုးလာတယ်။
မီးရှိတော့ အလင်းရောင်ရှိတယ်။ အနွေးဓာတ်ရတယ်။ ညရောက်လို့ မှောင်သွားမှာ မပူရဘူး။ ဆောင်းတွင်ရောက်လို့ အေးမှာကို စိုးရိမ်စရာမလိုဘူး။
သားရဲတိရိစ္ဆာန်တွေကို ခြောက်လန့်လို့လည်းရတယ်။ အမဲလိုက်တဲ့နေရာမှာလည်း အသုံးဝင်တယ်။
သစ်တော(သို့)မြက်ခင်းပြင်ကို မီးရှို့လိုက်ရင် ကင်ပြီးသား အသီးခြောက်တွေ၊ သားကောင်တွေရလာတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း (၃)သိန်းလောက်ကစပြီး လူသားတွေ အုပ်စုဖွဲ့ပြီးနေလာကြတယ်။
မီးရှိတယ်။ သစ်တောရှိတယ်။ ကျောက်တုံးနဲ့လုပ်ထားတဲ့ ကိရိယာတန်ဆာပလာတွေရှိတယ်။ အနာဂတ်အတွက် အစီအစဥ်တွေဆွဲကြတယ်။ သေတဲ့သူကို စနစ်တကျ မြှုပ်နှံတယ်။ ယဥ်ကျေးမူ ဓလေ့စရိက်တွေလည်း ထွန်းကားလာတယ်။
ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် စကားပြောဆို ဆက်ဆံလာကြတယ်။
ကမ္ဘာဦးအစက လူသားတွေရဲ့ ဘာသာစကားဟာ ဒီကနေ့ခေတ်ထက်တော့ ပိုပြီး ရိုးရှင်းလို့နေမှာပါ။
အချိန်နောက်ပြန်သွားလို့ရရင် ဘယ်လောက်ဝေးဝေးပြန်သွားလို့ရမလဲ?
အဲ့ခေတ်က ကလေးတစ်ယောက်ကို ခိုးယူလာမယ်။ မွေးစားမယ်။ ဒါပေမယ့် ကျွန်ုပ်တို့ မျိုးစိတ်နဲ့ တစ်ထေရာတည်းဖြစ်ဖို့ဆိုရင် ဟိုးအဝေးကြီးသွားလို့မရပါဘူး။
ဒါနဲ့ပတ်သတ်ပြီး ငြင်းခုံနေကြဆဲပါ။
ရုပ်ပိုင်းဆိုရာအရ ခေတ်သစ်လူသားမျိုးစိတ်တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂)သိန်းလောက်ကမှ စဖြစ်လာတာတယ်။
သို့သော် ကောက်ကြောင်းဆွဲလိုက်ရင် လွန်ခဲ့နှစ်ပေါင်း (၇)သောင်းလောက်အထိပဲ ကျွန်ုပ်တို့နဲ့ မျိူးစိတ်တူတဲ့ မျိုးနွယ်စုကို ရှာလို့ရမှာပါ။
အဲ့မတိုင်ခင်ကဆိုရင် မျိူးရိုးဗီဇလွဲနေတာမျိုးတွေရှိနိုင်ပါတယ်။
ယနေ့ခေတ်သုံးစွဲနေတဲ့ ဘာသာစကားသင်ယူနိုင်တဲ့ ဦးနှောက်နဲ့ အခြားအခြေခံကျတဲ့ စဥ်းစားတွေးခေါ်နိုင်စွမ်းတွေ ပါမလာမျိုးဖြစ်နိုင်ပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း (၅)သောင်းခန့်ကစပြီး တီထွင်ဖန်တီးမူတွေ များလာပါတယ်။
ပစ္စည်းကိရိယာတွေနဲ့ လက်နက်တွေဟာ ပိုပြီး စနစ်ကျလာပါတယ်။ ယဥ်ကျေးမူဓလေ့စရိက်တွေလည်း ပိုမိုရှုပ်ထွေးလို့လာပါတယ်။
ဘာလို့ဆိုတော့ အဲ့အချိန်မှာ လူတွေရဲ့ ဦးနှောက်က အတော်ကို ဖွံဖြိုးလာပြီလေ။
ဘာသာစကားတွေလည်း တိုးတက်ပြောင်းလဲလာတယ်။ ပြောချင်တဲ့ အကြောင်းအရာတွေကို ပိုပြီး ထိရောက်အောင် ပြောလာနိုင်တယ်။
ပိုပြီးတော့ အသေးစိတ်လာတယ်။
အဲ့တာကြောင့်ပဲ လူတွေတစ်ယောက်နဲ့တစ်ယောက်ပိုပြီးအထိအတွေ့ရှိလာတယ်။ ပူပေါင်းလုပ်ဆောင်နိုင်စွမ်းတွေတတ်လာတယ်။ ဒါကပဲ အခြားသတ္တဝါမျိုးစိတ်တွေနဲ့ ကွဲထွက်နေတဲ့ အဓိကအကြောင်းအရင်းဖြစ်လာတယ်။
ကျွန်ုပ်တို့ဟာ ပျော့ချိသေးသွယ်တဲ့ ခန္ဓာရှိပေမယ့်
အုပ်စုဖွဲ့ပြီး စုပေါင်းလုပ်ဆောင်နိုင်တဲ့ စွမ်းရည်ကို ပိုင်ဆိုင်ထားကြပါတယ်။ ပျားတွေလို သေးသေးလေး မဟုတ်သလို…
ဝံပုလွေတွေလို အုပ်စုငယ်လေးတွေ မဟုတ်ပါဘူး။
ဦးနှောက်တွေဖွံဖြိုးလာတာနဲ့အမျှ အရင်ကမလုပ်နိုင်တာတွေကို လုပ်ဆောင်လာနိုင်ပါတယ်။
နံပါတ်တစ် - အသိပညာတွေကို မျှဝေခြင်း
နံပါတ်နှစ် - ရှာဖွေတွေ့ရှိပြီး ပညာတွေကို လက်ဆင့်ကမ်းခြင်
နံပါတ်သုံး - ရှိပြီးသား အသိပညာကိုသုံးပြီး၊ ပိုမိုနက်နဲ့သော အသိပညာရပ်ကို ဖွေရှာခြင်း။
ရူးကြောင်ကြောင်နိုင်တယ်လို့ ထင်ကောင်းထင်နိုင်တယ်။ဒါပေမယ့် ဘာသာစကားမရှိခင်တုန်းက …
အကြောင်းအရာတစ်ခုခုကို မျိုးရိုးဗီဇကနေတဆင့် လက်ဆင့်ကမ်းခဲ့ကြတယ်။
ဒါဟာ နောက်ထပ်နှစ်ပေါင်း (၄)သောင်း ကြာခဲ့ပါတယ်။
တီထွင်ဖန်တီးဖို့ရာ အခြေခံကောင်းတွေမရှိခဲ့ပေဘူး။
အဲ့ခေတ်တုန်းက ကျွန်ုပ်တို့ ဘိုးဘေတွေက အခြားသတ္တဝါမျိုးစိတ်တွေလိုပါပဲ။
အိမ်ဆိုတာ ဘာမှန်းမသိပဲ မိုးမျှော်တိုက်ကြီး ဆောက်ဖို့ဆိုတာ … ခက်ပါတယ်။
ကျွန်ုပ်တို့ရဲ့ ဘိုးဘင်တွေကို အသုံးမကျဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့်…
လွန်ခဲ့တဲ့ နှစ်(၅) သောင်းကလူသားတွေဟာ သေရေးရှင်ရေးနဲ့ပတ်သက်လာရင် ပါးရည်နပ်ရည်ရှိကြပါတယ်။
သူတို့တွေဟာ ကိုယ့်ပတ်ဝန်းကျင်ဘယ်မှာဘာရှိတယ်ဆိုတာ မှတ်မိကြတယ်။
ပတ်ဝန်းကျင်မှာဘာဖြစ်နေတယ်ဆိုတာ အာရုံခံတတ်ကြတယ်။
တိရိစ္ဆာန်တွေ၊ အပင်တွေအကြောင်းကို မှတ်သားထားနိုင်ကြတယ်။
အင်မတန်ရှုပ်ထွေပြီး နှစ်ပေါင်းများစွာကြာအောင်လုပ်မှရမယ့် ပစ္စည်းကိရိယာတွေကို ဖန်တီးတတ်တယ်။
သူတို့ရဲ့ ခန္ဓာက ဒီကနေ့ခေတ် အားကစားသမားတွေလိုပါပဲ
ပြီးတော့ လူမူရေးနဲ့ပတ်သက်လာရင်လည်း ထဲထဲဝင်ဝင်ရှိကြပါတယ်။
အဲ့သလိုရှင်သန်ဖို့အတွက် အရည်အချင်းတွေအများကြီးလိုအပ်ပါတယ်။ အဲ့ခေတ်အခါက လူသားတွေရဲ့ဦးနှောက်က ….
ဒီကနေ့ လူသားတွေရဲ့ ဦးနှောက်ထက်တောင်ကြီးနေနိုင်ပါသေးတယ်။
ကျွန်တော်တို့တတွေပေါင်းလိုက်ရင်တော့ ဘိုးအေတွေထက် သာတယ်လို့ထင်ရတယ်။ တစ်ယောက်ချင်ယှဥ်မယ်ဆိုရင်တော့ ဘိုးအေတွေက ပိုသာပါတယ်။
ဒါနဲ့ပဲ နှစ်ပေါင်း (၁၂,၀၀၀) လောက်ကြာတော့ ကမ္ဘာအရပ်ရပ်မှာ စိုက်ပျိုးရေးကို အစပြုလာကြတယ်။
အဲ့ဒီမှာ အရာအားလုံး အလျင်အမြန်ပြောင်းလဲသွားတယ်။
စိုက်ပျိုးရေးမထွန်းကားခင်က အမဲလိုက်မုဆိုးတစ်ယောက်အနေနဲ့ ရှင်သန်ရပ်တည်ဖို့အတွက် ဖွံထွားတဲ့ ခန္ဓာကိုယ်နဲ့ ထက်သန်တဲ့ စိတ်ဓာတ်တွေရှိနေဖို့ လိုအပ်ခဲ့တယ်။
စိုက်ပျိုးရေးခေတ်ကိုရောက်လာတော့ တစ်ယောက်တည်း အကုန်သိနေဖို့မလိုတော့ဘူး။ အသက်ရှင်ရပ်တည်ဖို့အတွက် အပြန်အလှန် မှိခိုလို့ရလာတယ်။
တစ်ယောက်တည်းကပဲ ကိစ္စတစ်ခုတည်းမှာ တစ်ဖက်ကမ်းခပ် ကျွမ်းကျင်တာတွေဖြစ်လာတယ်။
သူတို့တွေစုပေါင်းပြီးတော့ ပစ္စည်းကိရိယာတွေ ပိုကောင်းလာအောင်…. အသီးအနှံတွေ ရာသီဥတုဒဏ်ပိုခံနိုင်လာအောင်… မွေးမြူရေး အထွက်တိုးလာအောင် လုပ်ဆောင်လာကြတယ်။
အသစ်သစ်သော ပစ္စည်းတွေလည်း တီထွင်လာကြတယ်။
စိုက်ပျိုးရေး ပိုမိုဖြစ်ထွန်းလာတာနဲ့အမျှ မြို့ပြယဥ်ကျေးမူ စတင်ထွန်းကားလာတယ်။
စိုက်ပျိုးရေးကြောင့် အစားအစာတွေကို လွယ်လင့်တကူ ရရှိလာကြတယ်။
ဒါနဲ့ပဲ အစာအစား သိုလှောင်သိမ်းဆည်းဖို့ ဖြစ်လာကြတယ်။
အသားတွေထက် သူ့ထက်ပိုပြီး အထားခံတဲ့ ဆန်စပါးတွေကို ပိုပြီးသိုလှောင်ကြတယ်
ရိက္ခာတွေကို ကာကွယ်ဖို့အတွက် လူတွေတစ်စုတစ်ဝေး နေလာကြတယ်။
ခြံစည်းရိုးတွေခတ်လာကြတယ်။ အဲ့ကတစ်ဆင့် အဖွဲ့အစည်းတွေဖြစ်လာကြတယ်။
အဖွဲ့အစည်းတွေဖြစ်လာတော့ ဘာလုပ်လုပ် မြန်ဆန်သွက်လက်လာတယ်။
ရွာတွေပေါင်းပြီး မြို့ဖြစ်လာတယ်။ မြို့တွေပေါင်းပြီး နိုင်ငံဖြစ်လာတယ်။ နိုင်ငံတွေပေါင်းပြီး အင်ပါယာဖြစ်လာတယ်။
လူအချင်းချင်း ဆက်သွယ်မူ တိုးပွားလာတယ်။ အဲ့ကတဆင့် အသိပညာဖလှယ်တာတွေဖြစ်လာတယ်။
တိုးတတ်မူတွေ ဆထက်တပိုး တိုးပွားလာတယ်။
လွန်ခဲ့တဲ့ နှစ်(၅၀၀)ခန့်လောက်ကစပြီး သိပ္ပံပညာရပ်ထွန်းကားလာတယ်။
သင်္ချာ၊ ရူပဗေဒ၊ နက္ခတ္တဗေဒ၊ ဇီဝဗေဒ၊ ဓာတုဗေဒ အစရှိတဲ့ဘာသာရပ်တွေက ကျွန်ုပ်တို့ရဲ့ အတွေးအခေါ်တွေကို ပြောင်းလဲလာတယ်။
ဒီကနေ့ခေတ်ရဲ့ အစဖြစ်တဲ့ စက်မူတော်လှန်ရေး ပေါ်ပေါက်လာတယ်။
လူမူ့အခြေခံလိုအပ်ချက်အတွက် အချိန်သိပ်မပေးရတော့…
လူတွေဟာ သူတိုရဲ့ အချိန်တွေကို အနာဂတ်လိုအပ်ချက်အတွက် တီထွင်ဖန်တီးလာကြတယ်။
အဲကတစ်ဆင့် တော်လှန်ပြောင်းလဲမူတွေ တောက်လျှောက်ဖြစ်တယ်။
ကွန်ပျူတာတွေတီထွင်လာကြတယ်။ သူနောက်က လိုက်လာတဲ့ အင်တာနက်လိုအရာတွေဟာ …
ကျွန်ုပ်တို့နေ့စဥ် လူနေမူဘဝကို ပြောင်းလဲသွားစေတယ်။
ဒါတွေဖြစ်သွားတာ ဘယ်လောက်မြန်တယ်ဆိုတာ တစ်ချက်လောက်ကြည့်ရအောင်။
လူသားမျိုးနွယ်စု စတင်ပေါ်ထွန်းလာတာ နှစ်ပေါင်း (၁၂၅,၀၀၀) ရှိပြီ။
ဒီကနေ့ခေတ်နဲ့ နီးစပ်တဲ့ လူသားမျိုးစုတွေဟာ ပြီးခဲ့တဲ့ မျိုးဆက်ပေါင်း(၇,၅၀၀)လောက်မှာ စတင်ဖြစ်ထွန်းလာပါတယ်။
လွန်ခဲ့တဲ့ မျိုးဆက်ပေါင်း (၅၀၀)လောက်ကမှ မြို့ပြယဥ်ကျေးမူ ထွန်းကားလာခဲ့တာပါ။
လွန်ခဲ့တဲ့ မျိုးဆက်ပေါင်း (၂၀) လောက်ကမှ သိပ္ပံပညာရပ်ထွန်းကားလာခဲ့တာပါ။
အင်တာနက်ဆိုတာ အရင်မျိုးဆက်ကမှ စတာပါ။
ဒီကနေ့ခေတ် လူသားမျိုးနွယ်စုတွေဟာ သမိုင်းတလျှောက် အဖြစ်ထွန်းဆုံး ကာလမှာ နေထိုင်နေကြရတာပါ။
လူသားတွေဟာ ဒီကမ္ဘာမြေကြီးကို ပြောင်းလဲလိုက်ကြပါတယ်။ မိုးကောင်းကင်ကြီးကို ပြောင်းလဲလိုက်သလို… မြေပြင်မှာလည်း လူသားတို့ရဲ့ ပရောဂတွေ အထင်အရှားတွေမြင်နေကြရပါတယ်။
တခြား သတ္တဝါမျိုးစိတ်တွေရဲ့ ရှင်သန်မူလည်း ပြောင်းလဲချင်သလို ပြောင်းလဲလာကြပါတယ်။
ညအမှောင်ကို လူလုပ်ကြယ်တွေနဲ့ ထွန်းညှိလာကြတယ်။ လူတွေကို သံသေတ္တာထဲထည့်ပြီးတော့ ကောင်းကင်ကို စေလွှတ်ကြတယ်။
တစ်ချို့တွေဆို လကမ္ဘာပေါ်မှာတောင် လမ်းလျှောက်ဖူးကြတယ်။
စက်ရုပ်တွေကို တစ်ခြားဂြိုလ်တွေဆီ စေလွှတ်ကြတယ်။
စကြာဝဠာရဲ့ အတိတ်သမိုင်း မျက်မြင်ထင်ရှားကြည့်ခဲ့ကြဖူးပြီ။
ကျွန်ုပ်တို့တတွေရဲ့ အသိပညာတွေ၊ ထိုအသိပညာတွေကို သိမ်းဆည်းနိုင်စွမ်းတွေ ပိုကောင်းလာတယ်။
ဒီကနေ့ အထက်တန်းကျောင်းသားတစ်ယောက်က လွန်ခဲ့နှစ်တစ်ရာလောက်က ပညာရှင်တစ်ယောက်ထက် စကြဝဠာအကြောင်းပိုသိတယ်။
နည်းမှန်လမ်းမှန် မဟုတ်တဲ့တိုင်အောင်၊ လူသားတွေဟာ ဤကမ္ဘာကြီးကို ကြီးစိုးလို့နေပါတယ်။
ကျွန်တော်တို့တတွေ လွန်ခဲ့တဲ့ နှစ်ပေါင်း (၇၀,၀၀၀) ခန့်က လူသားတွေနဲ့ သိပ်မကွာပါဘူး။
သို့သော် ကျွန်တော်တို့ရဲ့လက်ရှိ လူနေမူဘဝက လူသားမျိုးနွယ်စုသမိုင်းရဲ့ ၀.၀၀၁ % ပဲရှိပါတယ်။
အနာဂတ်မှာဘာတွေဖြစ်မယ်ဆိုတာ ဘယ်သူမှ တစ်ထစ်ချမပြောနိုင်ပါဘူး။
မိုးမျှော်တိုက်ကြီးဆောက်နေပေမယ့် အခြေခံကောင်းတဲ့ အောက်ခံရှိလား ..
သို့တည်းမဟုတ် သဲသောင်ပြင်ကြီးပေါ်မှာ ဆောက်နေလားဆိုတာတော့ မသိနိုင်ပါဘူး။
ဒီနေရာမှာပဲ ရပ်ပရစေ။
ရထားလွှတ်သွားလို့ … ဟမ်ဘာဂါက သေးနေလို့… တစ်ခြားလူတစ်ယောက် သင်တန်းစီနေတဲ့နေရာကို ကျော်သွားခဲ့လို စိတ်ညစ်နေတယ်ဆိုရင်….
သင်နေထိုင်တဲ့ ပတ်ဝန်းကျင်က ဘယ်လောက်ထိ ထူးခြားသစ်လွှင်နေတယ်ဆိုတာကို သတိရလိုက်ပါ။
ဘာမဟုတ်တဲ့ အကြောင်းအရာလေးနဲ့ စိတ်မညစ်ကြပါနဲ့။
ဒါဟာ ကျွန်တော်တို့ရဲ့ သမိုင်း ပညာပေး ဗီဒီယို ပြုလုပ်တဲ့ ပထမဆုံး အတွေ့အကြုံပါ။
ဒီလိုမျိုး ဗီဒီယိုတွေအများကြီး ထုတ်ချင်ပါတယ်။ ဒါပေမယ့် ပုံမှန်ထက် အချိန်ပိုပေးရပါတယ်။
ဒါကြောင့် တစ်နှစ်ကို ၃ပုဒ် (သို့) ၄ပုဒ်လောက်ပဲလိုပ်သွားဖို့ အစီအစဥ်ရှိပါတယ်။
အကြုံပြုချက်တွေကို ကြိုဆိုပါတယ်။
အခုလို အချိန်ပေးကြည့်ရှုတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ကို အားပေးချင်တယ်ဆိုရင်…
Patreon ဝက်ဆိုဒ်မှာ ဝင်ရောက်လုပ်ဆောင်နိုင်ပါတယ်။
ဒါဟာ ကျွန်တော်တို့အတွက် ခွန်အားတစ်ရပ်ဖြစ်စေပါတယ်။
စိတ်ဝင်စားတယ်ဆိုရင် ဟောဒီမှာ တခြားဗီဒီယိုလေးတွေ ရှိပါသေးတယ်နော်….