ဗီဒီယို
စာသားပုံ
မင်းအိမ်ကို ပြန်တဲ့လမ်းမှာ မင်းဟာသေဆုံးသွားခဲ့တယ်
ကားမတော်တဆမှု တခုဖြစ်ခဲ့တယ်လေ
အရမ်းထူးထူးခြား ဘာမှ မရှိခဲ့ပါဘူး
ဒါပေမယ့် ယာဉ်တိုက်မှုဟာ သေလောက်အောင်ပြင်းထန်ခဲ့တာတခုပါပဲ
နာကျင်မှုကိုတောင် ခံစားချိန်မရှိလောက်ပဲ သေသွားခဲ့တာပါ
ဆေးဝန်းထမ်းတွေက မင်းကို ကယ်ဆယ်ဖို့ အကောင်းဆုံးကြိုးစားခဲ့ကြပါတယ်
ဒါပေမယ့် မဖြစ်နိုင်ခဲ့ပါဘူး
မင်းရဲ့ ခန္ဓာကိုယ်တခုလုံး ရစရာမရှိအောင် စုတ်ပြတ်သတ်သွားခဲ့ပြီကို
မင်း တဘ၀လုံးစာ အနားယူလိုက်တာ ပိုကောင်းခဲ့ပါတယ်။
အဲဒီအချိန်မှာ ပဲ မင်းနဲ့ငါတွေ့ဆုံခဲ့ပါတယ်
ဟင်.. ဘာဖြစ်နေတာလဲ
ငါ ဘယ်ကိုရောက်နေတာလဲ ?
မင်းသေဆုံးသွားခဲ့ပြီဆိုတာ ငါပြောပြခဲ့တယ်
နားဝင်ချိုသာအောင် ကဗျာဆန်ဆန်ပြောပြမနေတော့ဘူးလေ
အင်း အဲဒီမှာ ကုန်တင်ကား တစီး ……..
ပြီးတော့ လမ်းချော်လာနေတယ်
အင်း ဟုတ်တယ်
ငါ …
ငါ သေသွားခဲ့တာလား?
ဟုတ်တယ်
ဒါပေမယ့် အရမ်းကြီး စိတ်မကောင်းမဖြစ်ပါနဲ့
လူတိုင်းသေရမှာပဲလေ
မင်း လှည့်ပတ်ကြည့်လိုက်ပါ
ဘာမှမရှိဘူး လေ
မင်းနဲ့ ငါက လွဲလို့ပေါ့
ဒီနေရာက ဘာလဲ?
ဒါ နောက်ဘ၀လား?
ဒါနဲ့ …
မင်းက ဘုရားသခင်လား?
ဟုတ်တယ်။ ငါ က ဘုရားသခင်ပဲ
ငါရဲ့ ကလေးနဲ့ မိန်းမ ….
သူတို့ရော ?
သူတို့ အဆင်ပြေကြရဲ့လား?
ငါသိချင်နေတာ အဲဒါတွေပဲ
အင်း…. မင်းက သေဆုံးသွားပြီတော့ ခုမင်းသတိရ စိတ်ပူနေတာက မင်းမိသားစုကိုပဲ
အဲလို သတိရနေတယ်ဆိုတာ ကောင်းပါတယ်
မင်း ငါ့ကို သေသေချာချာစိုက်ကြည့်နေပါလား
မင်း အတွက်က ငါက ဘုရားသခင်မဟုတ်ပါဘူး
ငါ က သာမန် အမျိုးသမီး ဒါမှမဟုတ် အမျိုးသားတယောက်ဖြစ်နိုင်ပါတယ်
အခြား မထင်မရှား အဖွဲ့အစည်းတခုက ပုဂ္ဂိုလ်တယောက်လဲဖြစ်နိုင်ပါတယ်
ငါ ပြောပြမယ် မင်းစိတ်ပူမနေပါနဲ့ သူတို့ အဆင်ပြေမှာပါ
မင်းရဲ့ သားသမီးတွေက မင်းကို သတိတရရှိနေကြမှာပါ
မင်းကို မထီလေးစားပြုမှုပြီး ကြီးပြင်းလာဖို့ အချိန်မရှိတော့ပါဘူး
မင်းရဲ့ မိန်းမက ငိုကြွေးနေပါလိမ့်မယ်
ဒါပေမယ့် တဖြည်းဖြည်းနဲ့ နေသားကျသွားမှာပါ
အရိုးသားဆုံးပြောရရင် မင်းရဲ့ အိမ်ထောင်ရေး အရဆက်ဆံမှု မရှိနိုင်တော့ဘူးလေ
နှစ်သိမ့်ပြီးပြောပြရရင်
သူမ အနေနဲ့ နေသားကျသွားတဲ့ ခံစားချက်ကို သူ့ဟာသူ မကျေမနပ်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်
အိုး …
ဒါဆို ခုဘာဖြစ်နေကြလဲ?
ငါ ကောင်းကင်ဘုံ ဒါမှမဟုတ် ငရဲကို သွားရတော့မှာလား?
ဘယ်မှ မသွားရပါဘူး။ မကြာခင် မင်း လူပြန်ဝင်စားမှာပါ။
အာ့…
ဒါဆို ဟိန္ဒူတွေပြောတာ မှန်တာပေါ့
ဘာသာတရားတိုင်းဟာ သူ့နည်းသူ့ဟန်နဲ့ မှန်နေကြတာပါပဲ
ငါ နဲ့လိုက်ခဲ့
မင်း ငါနဲ့အတူ ဘာမှမရှိတဲ့ နေရာကြီးကို ဖြတ်သန်းခဲ့ကြတယ်
ငါ တို့ ဘယ်ကို သွားနေကြတာလဲ
ဘယ်မှ မသွားပါဘူး
ငါတို့ စကားပြောရင်း လမ်းလျှောက်ရတာ ကောင်းမယ်ထင်လို့ပါ
ဒါဆို မင်း ဘာကိုပြောချင်တာလဲ
ငါ ပြန်မွေးဖွားတဲ့အခါ
ငါ ဟာ ဘာမှမရှိတဲ့ ဘ၀အသစ်တခုမှာ မလား?
ကလေး တယောက်အနေနဲ့ပေါ့
အဲတော့ ငါကြုံတွေ့ခဲ့ရတာတဲ့ အရာအားလုံးက
ပြီးခဲ့တဲ့ ဘ၀က အရာတွေက ဘာမှမဟုတ်တော့ဘူးပေါ့ ဟုတ်လား?
အဲလိုတော့လဲ မဟုတ်ဘူး
မင်း အရင်ဘ၀တွေက ကြုံတွေ့ခဲ့ရတာတွေ၊ အသိဉာဏ်တွေက မင်းထဲမှာ ရှိနေတာပဲလေ
မင်း အဲဒါတွေကို အခုအချိန်မှာ သတိမရတော့တာပါ
ငါ လမ်းလျှောက်နေတာရပ်လိုက်ပြီး မင်း ပခုံးကို ဖက်လိုက်တယ်
မင်းရဲ့ အသက်ဝိဉာဉ် ဟာ မင်းသိထားတာထက် ပိုပြီး လှပတယ် ကြီးမားပါတယ်
လူတယောက်ရဲ့ အသိစိတ်မှာ တော့ မင်းဘယ်သူလဲဆိုတာကို အနည်းငယ်ပဲသိနိုင်ပါတယ်
အဲဒါဘာနဲ့တူလဲဆိုတော့ ရေခွက်ထဲကို မင်းလက်ချောင်းနဲ့ ပူလားအေးလား စမ်းတာနဲ့တူပါတယ်
မင်းက မင်းရဲ့ အသေးငယ်ဆုံး အစိတ်အပိုင်းတခုကို ခွက်တခုထဲ ထည့်သွင်းလိုက်သလိုပါပဲ
ပြီးတော့ မင်း အဲဒီနေရာက ပြန်ထွက်လာချိန်မှာတော့ မင်းအရင်က ရှိထားတဲ့ အရာတွေကိုပါ ပြန်ရလိုက်ပါတယ်
မင်း အတွေ့အကြုံတွေ ပိုတိုးလာတာပေါ့ကွာ
လွန်ခဲ့သော ၄၈နှစ်က မင်းက လူတယောက်ဖြစ်ခဲ့တယ်
အဲချိန်တုန်းက မင်းလူဖြစ်နေတော့ မင်းရဲ့ အခြားအစိတ်ပိုင်းတွေကို မင်းမသိခဲ့ဘူးလေ။ မင်းရဲ့ လူတယောက်အသိစိတ်မှာပဲ စီးမျှောနေခဲ့တာကို
မင်းငါနဲ့အတူ စကားကြာကြာပြောမယ်ဆိုရင်တော့
မင်း တဖြည်းဖြည်းနဲ့ အရာရာကို သတိရလာမှာပါ
ဒါပေမယ့် ဘ၀တခု နဲ့ တခု ကူးပြောင်းချိန်းတိုင်း ဒီလိုလုပ်ရမယ်ဆိုတာ တော့ အဓိပ္ပါယ်မရှိပါဘူး
အင်း ဒါဆိုရင် ငါဘယ်နှကြိမ် ဘယ်နှခါ လူပြန်ဝင်စားနေရမှာလဲ?
အိုး… အကြိမ်ပေါင်းများစွာပေါ့
အများကြီးမှ အများကြီးပဲ
ပြီးတော့ အမျိုးမျိုးသော ဘ၀တွေဆီကိုပေါ့
ဒီတစ်ကြိမ်မှာတေ့ာ
မင်းဟာ လွန်ခဲ့တဲ့ အေဒီ ၅၄၀က တရုတ်ပြည်က လယ်သူမ လေးတဦးအဖြစ်ပေါ့
နေပါဦး ဘာရယ် ?
မင်းငါ့ကို အချိန်နောက်ပြန်ပို့နေတာလား?
အင်းဟုတ်တယ် နည်းစနစ်အရဆိုရင်တော့
မင်းသိလား အချိန်ဆိုတာ မင်းတို့ ကမ္ဘာ (ဘ၀)မှာပဲ တည်ရှိတာ
ငါ ဒီကိုလာခဲ့တုန်းက အခြေအနေတွေက တခြားဆီကွ
မင်း …. မင်းဘယ်ကနေလာခဲ့တာလဲ?
ငါလား … ငါက တနေရာရာက လာခဲ့တာပေါ့
ငါလို့ အရာတွေလဲ အများကြီးပဲရှိတယ်
ငါသိပါတယ် အဲနေရာဟာ ဘာနဲ့တူလဲဆိုတာ မင်းသိချင်နေတာ
ဒါပေမယ့် ရိုးရိုးသားသားပြောရရင် မင်းနားလည်နိုင်မှာမဟုတ်ပါဘူး
အိုး… ငါစိတ်ဓါတ်ကျသွားပြီ
ဒါနဲ့ နေပါဦး
ငါသာ တခြားတနေရာကို အချိန်နဲ့တပြေးညီ ဘ၀ကူးရမယ် ဆိုရင်ရော
ငါ့ကိုယ်ငါ ပြန်ပြီးတော့ တနေရာရာမှာ ဆက်သွယ်လို့ရနိုင်မယ် ထင်တယ်
ဒါပေါ့ အချိန်တိုင်းဖြစ်နေတယ်လေ
ဒါမယ့် အဲဒီ ဘ၀ ၂ခု က သူတို့သက်တမ်း သူတို့ဘ၀ ကိုယ်စီနဲ့ပဲရှိနေကြတာ
မင်းဟာမင်းတောင် အဲလိုဖြစ်နေတယ်ဆိုတာ သတိထားမိမှာမဟုတ်ဘူး
ဒါဆိုရင် အဲဒီအရာတွေရှိနေခြင်းက ဘာအတွက်လဲ?
ငါ မင်းရဲ့ မျက်ဝန်း တည့်တည့်ကိုစိုက်ကြည့်နေလိုက်တယ်
ဘ၀ ရဲ့ အဓိပ္ပါယ်ဆိုတာ …
ငါ ဒီ စကြာ၀ဠာတခုလုံးကို ပြုလုပ်ခဲ့ရတာ ရည်ရွယ်ချက်က …
မင်း ရင့်ကျက် လာစေဖို့အတွက်ပဲ
မင်းပြောတာ ငါ့ တို့ လူတွေကို ရင်ကျက်လာစေချင်တယ်လား?
မဟုတ်ဘူး မင်းတို့ ချည်းပဲမဟုတ်ဘူး
မင်းတို့ အတွက် ဒီစကြာ၀ဠာတခုလုံးကို ပြုလုပ်ခဲ့တာ
ဘ၀တခုပြီး တခု ကြီးပြီးလိုက် သင်ယူလိုက်ပေါ့
ဉာဏ်အမြော်မြင်ပိုပိုရှိလာအောင်ပေါ့
ငါ တယောက်တည်းလား ?
တခြားသူတွေ အတွက်ရော ?
တခြား သူဆိုတာမရှိပါဘူး
ဒီစကြာ၀ဠာမှာ မင်းရယ် ငါရယ် ပဲရှိတယ်
မင်း ငါကို တွေဝေစွာနဲ့ငေးကြည့်နေတယ်
ဒါပေမယ့် ကမ္ဘာပေါ်က လူအားလုံးကရော ?
အဲဒီလူအားလုံးက မင်းပဲ
မင်း ရဲ့ မတူညီ တဲ့ ဘ၀တွေပဲ
နေပါဦး …. ငါ …က
လူတိုင်း….ဘ၀တိုင်း … ဟုတ်လား …
မင်း အခုတော့ သဘောပေါက်ပြီလား …
ငါဆိုတာ က အသက်ရှင်နေတဲ့ လူတိုင်း ဟုတ်လား
ဒါမှမဟုတ် အသက်ရှိတဲ့ ဘ၀တိုင်း ဟုတ်လား
ငါ က အေဘရာဟမ် လင်ကွန်းလား ?
ပြီးတော ငါ ဂျွန်ဝိုက်ဘုတ် ရောပဲ
ပြီးတော့ ဟစ်တလာ … ဟုတ်လား ?
မင်း စကားတွေက တုန်လှုပ်ခြောက်ခြားသွားစေတယ်
ပြီးတော့ မင်းက ပဲ မင်းဆိုတဲ့ သန်းပေါင်းများစွာကို သတ်ဖြတ်သူ
ငါက ဘရားသခင်ရောပဲလား ?
အင်း မင်းက သူနောက်လိုက်တွေလဲဖြစ်တယ်
မင်း တိတ်ဆိတ်သွားပြီလေ
မင်း တခြား တယောက်ယောက် ကို ဒုက္ခပေးတိုင်း
မင်း ကို မင်း ဒုက္ခပြန်ပေးနေတာနဲ့ တူတယ်
မင်း တခြားတယောက်အပေါ်ကို ကြင်နာစွာပြုမှုတိုင်းလဲ
မင်းကို မင်း ပြုမှုနေတာနဲ့တူတူပဲ
လူတိုင်း လူတိုင်း ကြုံတွေ့နေရတဲ့ ဝမ်းနည်းခြင်း ဝမ်းသာခြင်းတွေကလဲ
မင်းတွေ့ ကြုံနေရတာပါပဲ
မင်း အချိန်ကြာကြာစဉ်းစားလိုက်တယ်
ဘာလို့လဲ … ?
ဘာလို့ အဲဒါတွေလုပ်နေရတာလဲ?
ဘာလို့လဲဆိုတော့ မင်းက တချိန်မှာ ငါ့လိုဖြစ်လာမှာလေ
အဲဒါကြောင့်ပဲ ခုလိုဖြစ်နေကြတာပဲ
မင်းက ငါဲနဲ့တူတူပါပဲ။ ငါရဲ့ကလေးပေါ့
ဝိုး… မင်းပြောတာတွေက မယုံနိုင်စရာပဲ
မင်းပြောတာက ငါက ဘုရားသခင် တဲ့ ဟုတ်လား ?
မဟုတ်သေးဘူး။ မင်းက သန္ဓေသားဘ၀ပဲရှိပါသေးတယ်
မင်းဟာ ခုမှ ကြီးထွားနေတုန်းရှိသေးတယ်
မင်း လူတိုင်းရဲ့ ဘ၀တိုင်းကို မင်းကျော်ဖြတ်ပြီးတဲ့အချိန်မှာ
နောက်တခါ ကြီးပြင်းလာဖို့အတွက် မွေးဖွားရဦးမှာ
ဒါဆို ဒိစကြာ၀ဠာတခုလုံးက
အဲဒီ စကြာ၀ဠာဆိုတာ
ဥ တစ်လုံးပါပဲ လို့ ငါအဖြေပေးပါတယ်
ကဲ ခုဆို မင်း နောက်တဘ၀ ကူးပြောင်းဖို့ အချိန်ကျပြီ
ငါ မင်းကို လိုက်ပို့ပေးမယ်